မျက်ဖြေ လင်္ကာ(အနန္တသူရိယ)
သူတည်းတစ်ယောက်၊ကောင်းဖို့ရောက် မူ
သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ကြနန်းလည်းခံ
မတ်ပေါင်းရံလျက်၊ပျော်စံရိမ်ငြိ မ်
စည်းစိမ်မကွာ၊မင်းချမ်းသာကား
သမုဒ္ဒရာ၊ရေမျက်နှာထက်
ခဏတက်သည့်၊ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ငါ့အားမသတ်
ယခုလွှတ်လည်း၊မလွတ်ကြမ္မာ
လူတကာတို့၊ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ဖောက်လွဲတတ်သည်
မချွတ်စသာ၊သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ကြိုက်လတ်တုံမူ
တုံ့မယူလို၊ကြည်ညိုစိတ်သန်
အခင်မွန်ကို၊ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ငါ့ခန္ဓာတည်း။
(အနန္တသူရိယ)
အနန္တသူရ သည် ပုဂံခေတ် ကထင်ရှားကျော်စောသော ပညာရှိသုခမိန်အမတ်ကြီးဖြစ်သည်။
မြန်မာနှစ် - ၅၃၃ (ခရစ်နှစ် - ၁၁၇၁ ) တွင် ပုဂံထီးနန်းကို သိမ်းပိုက်စိုးစံသော ဘုရင် မင်းယဉ်နရသိင်္ခ သည် ညီတော်အိမ်ရှေ့စံ နရပတိစည်သူ၏ မိဖုရား ဝေဠုဝတီကို အတင်းအဓမ္မ သိမ်းပိုက် ယူသောကြောင့် မြန်မာနှစ် -၅၃၆ တွင် ညီတော်နရပတိစည်သူက နောင်တော်ကို ပုန်ကန်သတ်ဖြတ်လုပ်ကြံပြီး နန်းတက်သည်။ ထို့ နောက် နောင်တော်၏ အထိန်းတော်သားလည်းဖြစ်၊ လူရင်းအဖြစ် ခစားသူလည်းဖြစ်သည့် အနန္တသူရိယ အ မတ်၏ အပေါ်တွင် အထင်လွဲ အမျက်ပွား အငြိုးထားပြီး "ဖမ်း၍သတ်စေ"ဟု သူသတ်တို့အား မိန့်မှာ လေ၏။
ရဲရင့်တည်ကြည်သော အနန္တသူရိယသည် အသတ်ခံရအံ့ဆဲဆဲတွင် လောက၏ ဖြစ်ပျက်ဓမ္မတာ သဘောကို ဆင်ခြင်၍ အေးဆေး တည်ငြိမ်စွာ "သူတည်းတစ်ယောက် ကောင်းမှုရောက်မူ" အစဖြာသော မျက်ဖြေ လင်္ကာ ကို သူသတ်ကုန်းတွင် ရုတ်ချည်း စပ်ဆို ပြီး မင်းကြီးအား ဆက်သပါဟု မှာကြားခဲ့လေသည် ။
မင်းချင်းတို့ ဆက်သသော သံဝေဂ အလင်္ကာ ကို နရပတိစည်သူမင်း ကြားလေသော်. သံဝေဂ ရ၍ ချက်ခြင်း လွှတ်ရန် အမိန့်ပေးသော်လည်း အနန္တသူရ အမတ်ကား လွန်ခဲ့လေပြီ။
မင်းသုံးဆက်ရဲ့ သက်တော်ရှည်အမတ်ကြီး
အနန္တသူရိယအမတ်သည် အလောင်းစည်သူမင်းကြီး(ခရစ်၁၀၉၀- ၁၁၆၀)နှင့် သားတော်ကုလားကျမင်းဟုလည်းတွင်သော နရသူ(၁၁၁၇-၁၁၆၅)၊ထိုနရသူမင်း၏သားတော်မင်းယဉ်နရသိခ(၁၁၄၁-၁၁၇၃)င်္၊ ဤမင်းသုံးဆက်လက်ထက်တော်တို့တွင် အထိန်းတော်သား အဖြစ်အမှုတော်ကိုကျေပွန်စွာထမ်းရွက်ခဲ့သူဖြစ်သည်။
အထိန်းတော်သားဆိုသည်မှာမင်းယဉ်န ရသိင်္ခနှင့်နရပတိစည်သူမင်းသားညီေ နာင်တို့ ၏အထိန်းတော်ကြီး’အိုပေါင်သင်’၏ သားဖြစ် သော ကြောင့်ဖြစ်သည်။၎င်းသည်ငယ်ရွယ်၊ နုနယ်သေးသော မင်းသမီး မင်းသားကလေး၊ သူငယ်များကိုထိမ်းသိမ်းစောင့်ရှောက်ရသည့် အထိန်းအယ တစ်နည်းအားဖြင့် မင်းညီ၊ မင်းသား၊ မင်းသမီးများ နှင့်သာသက်ဆိုင်သောကြောင့် မင်းထိန်းမင်းယ ပင်ဖြစ်ချေသည်။
အလောင်းစည်သူမင်းကြီးသည် အထိန်းတော်သားအနန္တသူရိယကိုသနားေ တ်ာမူ၍ လုပ်ရည်ကိုင်ရည်ကိုလည်းနှစ်ခြို က်တော်မူသဖြင့် မင်း သားတို့သာဝတ်ထိုက်သောဒုယင်အခြေတ ပ်ဝတ်လုံတစ်ထည်ကိုပေးတော်မူ၏။ထိုဝတ်လုံကိုမင်းပွဲသဘင်ရှိသောအခါ အနန္တသူရိယ ကဝတ်၍ ပွဲတက်သည်ကို သားတော်မင်းရှင်စောမြင်လေသော် ဤဖျင်ကားမင်းညီမင်းသားတို့သာဝတ် ထိုက်သော ဝတ်ရုံဖြစ်သည်။ ဤကဲ့သို့အရောရောမဝတ်စေနဲ့ဟုဆိုကာ အနန္တသူရိယနှင့်ထိုက်သောဝတ်လုံကိုပေး၍ ဒုယင်တပ်သောဝတ်ရုံကိုချွတ်၍လဲစေ ၏ ဟုဦးကုလားမဟာရာဇဝင်ကြီးပထမတွဲစာ မျက်နှာ(၂၄၇)တွင်ဆိုထားသည်။
ဤနေရာ၌အနန္တသူရိယသည်အလောင်းစည်သူ မင်းကြီးကိုငယ်စဉ်အခါကာလမှစ၍ထိန်းသိမ်းစောင့်ရှောက်လာဘိသကဲ့သို့ဖြစ် နေသည်။စင်စစ်သော်ကားအလောင်းစည်သူမင်းကြီးလက်ထက်မင်းကြီး၏သားမြေးများကိုထိန်းသိမ်းစောင့်ရှောက် ရသော မင်းထိန်းမင်းယ အထိန်းတော်သားတစ်ဦးသာဖြစ်ချေသည် ။
သက္ကရာဇ် ၅၃၂ခုနှစ်တွင် ငယ်စဉ်အခါမှစ၍ အနန္တသူရိယအမတ်ထိန်းသိမ်းစောင့်ေ ရှာက်ခဲ့ရသော
မင်းယဉ်နရသိင်္ခနန်းတက်တော်မူလေ သည်။ နန်းတက်တော်မူသောအခါ
ညီတော်နရပတိစည်သူကို အိမ်ရှေ့ပေးသနား၏။ သို့ရာတွင်သက္ကရာဇ်၅၃၅ခုနှစ်တွင်
မင်းယဉ်နရသိင်္ခ သည် ညီတော်နရပတိစည်သူ၏ အိမ်ရှေ့မိဘုရား ဝေဠုဝတီမင်းသမီးကို
လှည့်ဖြားသိမ်းပိုက်ခဲ့သဖြင့် ထိုနှစ်အတွင်းမှာပင် နောင်တော်ကိုပုန်ကန်
သတ်ဖြတ်၍ နန်းတက်တော်မူလေသည်။ ထို့နောက်နောင်တော်မင်းယဉ်နရသိခ င်္အား ငယ်စဉ်အခါကမှစ၍ အစစအရာရာတွင် သွန်သင်ပြသဆုံးမပဲ့ပြင်ဖူးသည့် အထိန်းတော်သားအနန္တသူရိယအမတ်ကိုလ ည်း ဖမ်း၍သတ်လေဟု ပါးကွက်သူသတ်တို့အားအပ်လေ၏။သုဿာ န်သို့အနန္တသူရိယအမတ်ကြီးရောက်လေ သော်ဆယ်နှစ်ခန့်အတောအတွင်းမှာပင်ဖြစ်ပျက်ခဲ့သည်ကိုအမတ်ကြီးတဖြည်းဖြည်းမြင်လာမိသည်။ ဦးစွာမိမိအရေးနှင့်ပတ်သက်၍ မင်းရှင်စောအားမြို့မှနှင်ထုတ်လိုက်သည်ကိုမြင်မိသည်။ နောက်မင်းရှင်စောမရှိ၍ပြည်ထဲအမှု စီရင်၊ကွပ်ညှပ်စေရန်သားတော်အလတ် ဖြစ်သောနရသူကိုခမည်းတော်အလောင်း စည်သူမင်း ကြီးက လွှဲအပ်၊ ခန့်ထားကြောင်းအလောင်း စည်သူမင်းကြီးသည်းထန်စွာနာတော်မူခိုက် အဝတ်ပုဆိုးတို့ဖြင့်ဖိ၍ သတ်ပြန်သည်ကိုမြင်လိုက်သည်။ ပြီးမှနောင်တော်မင်းရှင်စောကို အဆိပ်ကျွေးသတ်မှုမြင်လာပြန်သည်။ ထိုနရသူမင်းပင်လျှင်လည်း ကုလားရှစ်ယောက်တို့လက်ချက်ဖြင့် အသက်ဆုံးရသည့်ကိုပြေး၍ မြင်ပြန်သည်။
ထို့ကြောင့်လည်း ကုလားကျမင်း ဟူ၍ ပြည်သူတို့ပြောစမှတ်ပြုလျက်ရြှိ ခင်းကို ကြားသယောင်ယောင်ပင်ရှိလိုက်သည်။ ထို့ နောက်မိမိ၏အရှင်သခင်ဖြစ်သော မင်းယဉ်နရသိင်္ခနန်းတက်တော်မူပြီး မှ
များမကြာမီကပင် ညီတော်နရပတီစည်သူ၏ အိမ်ရှေ့မိဘုရား ဝေဠုဝတီကို
သိမ်းပိုက်မှုကြောင့် ညီတော်၏် အလုပ်ကြံခံရရှာပုံကို ထင်မြင်မိလာသည်။
ယခုလည်းမင်းယဉ်နရသိင်္ခ၏ ကျွန်ရင်းအထိန်း တော်သားဖြစ်သော
မိမိအားသတ်လေဦးတော့မည်။ သို့ရာတွင်မိမိမှာမကြောက်၊
ဤမျှလောက်သောဓမ္မတာသဘောတရား သင်္ခါအဖြစ်အ ပျက်များကို ထင်ရှားမျက်မြင်ပင်
တွေ့ကြုံဆုံဆည်းခဲ့ရသည့် မိမိသူရိယအနန္တအမတ်သည်
တုန်လှုပ်ထိတ်လန့်ခြင်းဖြစ်နိုင် ရအံ့လော၊ မဖြစ် နိုင်။ ထို့ကြောင့်ရဲရင့်တည်ကြည်သောစိတ်ထားနှင့် တရားပြည့်ဝစွာပင်လျှင် သူတယောက်တည်း၊ ကောင်းဘို့ရောက်မူ အစရှိသောအမျက် ဖြေလင်္ကာလေးပိုဒ်ကိုအေးဆေးတည်ငြိ မ်စွာခဏချင်းစပ်ဆိုလိုက်ပြီးမင်းကြီးအားဆက်သပါဟုအချိုအသာမှာကြား၍ ပါးကွက်လူသတ် သမားတို့ထံ အပ်ခဲ့၏။
ထိုလင်္ကာကိုနရပတိစည်သူမင်းကြီးဖတ်ရှုရသောအခါ ဤမျှမြင့်မြတ်ကြီးမားသော ပညာရှင်စာဆိုတော်တစ်ဦးအား ပြစ်မှားလက်လွန်မိ သည့်အတွက် နှမြောတသနောင်တကြီးစွာရတော့သည်။ ထို့ ကြောင့်”လွှတ်စေ” ဟုမိန့် တော်မူ၏။သူသတ်တို့ လည်း”လွန်ခဲ့ပြီ” ဟုနားတော်လျှောက်သည်။မင်းကြီးလည်း”နင်တို့ မသတ်ခင်က ဤစာကိုဆက်ကောင်းလျက်၊သတ်ပြီးမှဆ က်သည်” ၍သူသတ်တို့ ကိုမျက်ပြန်လေသည်။မင်းကြီးလည်း စာကိုကြားတော်မူသည်ကပင်တအောက်မေ့ မေ့၊တရှိုက်မက်မက်နောင်တကြီးစွာဖြစ်တော်မူသည်၏။ထိုမှစ၍အမျက်တော်ကိုချုပ်ရုပ်ဆည်းတားတော်မူလေသ ည်။“နောက်နောင်ငါအမျက်တော်ရှိ၍သ တ်လေဟုအမိန့် တော်ရှိသော်လည်း တစ်လ၊ငါးသီတင်းထား၍စစ်ကြောဘိ။သေ တန်မှသေစေ။မသေတန်သသူကိုလွှတ်စေ“ဟူ၍မင်းဆွေစိုးမျိုးဖြစ်သော”မဟာသ မန်း”ကိုအမိန့်တော် ရှိလေသည်ဟူ၍ဦးကုလားမဟာရာဇဝင်ကြီးပထမအုပ် စာမျက်နှာ-၉၃ ပါရှိသည်။
မဟာရာဇဝင်ကြီးတွင်ပါရှိသောဤစကား ရပ်များအရအထက်ပါလင်္ကာလေးပိုဒ်၏အရှိန်အဝါနှင့်အကျိုးသက်ရောက်မှုကိုသိမြင်နိုင်ပေသည်။မိမိအားအိမ် ရှေ့အရာပေး၍သူကောင်းပြုခဲ့သောနောင်တော်ရင်းကိုအသေသတ်ခဲ့သည့်မင်း၊မိမိနန်းရရေးအတွက်နောင်တော်အားသတ်ပေးခဲ့သည့်တကယ့်ကျေးဇူးရှင် အမတ်အောင်စွာငယ်ကိုလည်းကွက်မျက် ခဲ့သည့်မင်း၊မဆီမဆိုင်အထိန်းတော်သားဖြစ်သူအနန္တသူရိယကိုသတ်စေသည့်ဘုရင်နရပတိစည်သူကိုတအောက်မေ့မေ့ တရှိုက်မက်မက်ဖြစ်စေခဲ့သည့်ဤလက င်္ာကိုတချို့က“မျက်ဖြေလင်္ကာ“ ဟုခေါ်ကြသည်။ကျွန်ုပ်ကားတော်လှန် ရေးလင်္ကာကဗျာအဖြစ်မြင်မိသည်။အဘယ့်ကြောင့်ဆိုသော်မလိုလျှင်မလိုသလိုပြုတတ်သော၊ဥပဒေဟူသည်သူတို့ ၏ပါးစပ်ထဲတွင်သာတည်သောအာဏာရှင် ပဒေသရာဇ်စနစ်၏စက်ဆုပ်ရွံရှာဖွယ် ကောင်းသောအချက်ကိုရှုတ်ချ၍ ယင်း စနစ်ကိုကျင့်သုံးသောမင်း၏ စိတ်ဓါတ်ကိုပြောင်းလဲသွားစေရန်ေ တ်ာလှန်ဆုံးမခဲ့သောကြောင့်ပင်တည်း။
ထို့ပြင်လောကတွင်ရန်ကိုခုခံဖို့ ၊တွန်းလှန်ဖို့  ၊နှိပ်စက်ညှဉ်းပမ်းဖို့ ၊သတ်ဖြတ်ဖို့ အလုပ်များသည် စင်စစ်ခဲယဉ်းလှသည် မ ဟုတ် ပေ။ မိမိအာဏာရှိစဉ်၊ဘုန်းရောင်တောက် ပစဉ်လူသားတိုင်းပြုနေကျဖြစ်သြော ပုရဲသော အလုပ်များ သာဖြစ်သည်။ရန်သူပင်ဖြစ်လင့်ကစား သည်းခံနိုင်ဖို့ ၊ခွင့်လွှတ်နိုင်ဖို့ ဆိုသည်မှာအလွန်တရာခဲယဉ်း၍သူတကာ ပြုနိုင်ခဲသောကိစ္စဖြစ်သည်။
ဤလောက၌ကိုယ့်အလှည့်ကျလျှင်နွဲ့တ တ်ကြသူတွေများလှပေသည်။အမတ်ကြီးအ နန္တသူရိယကားပုထုဇဉ်လူသားတို့ ထားရှိရိုး စိတ်ဓါတ်ကိုတော်လှန်ရုံသာမကရန်သူကိုပင်ခွင့်လွှတ်လိုက်ခြင်းဖြင့်လူသားတိုင်းတော်လှန်နိုင်ခဲသော အမှုကိုပြုခဲ့လေသည်။ထို့ ကြောင့် လည်းအနန္တသူရိယအမတ်ကြီး၏ ဤအလင်္ကာလေးပိုဒ်သည်ယနေ့ တိုင်အောင်ထင်ရှားလျက်ရှိနေသည် မဟုတ်ပါလော။
အမှန်စင်စစ်နရသီဟပတေ့စည်သူမင်းသ ည် စိတ်နှလုံးအထူးခက်ထန်လှသည်။ နောင်တော်၏ဥပါယ်တံမျဉ်ကြောင့် ငဆောင်ချမ်းသို့စစ် ထွက်ရပြီးနောက် နောင်တော်၏ကောက်ကျစ်သောအကြံကိုသိရသည်မှအစ ပထမအကြိမ်မြင်းခံငပြည့်ကိုကွပ်မျက်သည်။ ဒုတိယအကြိမ် နောင်တော်ကိုလုပ်ကြံသည်။ တတိယအကြိမ်အောင်စွာငယ်ကိုသတ်လေသ ည်။ စတုတ္ထအကြိမ်အနန္တသူရိယကိုစီရင်သည်။
ပဉ္စမအကြိမ်အနန္တ သူရိယကိုစီရင်သည့် အာဏာသားတို့အား အမတ်ကြီး၏စာအလင်္ကာကို
မသတ်ခင်ကဆက်ကောင်းလျက်၊ သတ်ပြီးမှဆက်ရသလောဟု ဆိုကာ သုတ်သင်သည်။
ဤသို့လျှင်အချိန်ကာလာအနည်းအငယ်အ တွင်း အကွပ်အမျက်အစီအရင် များပြားလွန်းလှသောနရပတိစည်သူမင်းကြီး၏စိတ်ရိုင်းစိတ်ကြမ်းကိုပ င်ပျော့ပြောင်းသွားလောက်အောင် ပြုပြင်ပေးနိုင်စွမ်းသော အရာသည်ကား အနန္တသူရိယ၏စာအလင်္ကာပင်ဖြစ် တော့သည်။ မင်းကြီးသည်စာအလင်္ကာကိုဖတ်ရှုတော် မူရသည့်အချိန်မှစ၍
တအောက်မေ့မေ့ တရှိုက်မက်မက်ဖြစ်ကာ အမျက်ကိုလည်း ချုပ်ရုပ်၊
ဆည်းတားတော်မူသည့်ပြင် နောက်နောင်ငါအမျက်တော်ရှိ၍ သတ်လေဟုအမိန့်ရှိသော်လည်း
တစ်လ၊ ငါးသီတင်းထား၍စစ် ကြောဘိ၊ သေစေတန်မှသေစေ။ မသေတန်သူကိုလွတ်စေ ဟူ၍ပင်
အမိန့်တော်ချမှတ်ရှာလေသည်။
ထို့နောက်လည်း ကန်ချောင်း၊ ဆည်မြောင်းပြုပြင်ခြင်း၊ စေတီပုထိုးတည်ထားခြင်း၊ သိန်းဃို(သီရိလင်္ကာ)မှရောက်လာသည့် ဆပဋထေရ်အ မှူးရှိသောသံဃာငါးပါးနှင့်တကွ ပံ့သထူထေရ်အစရှိသည့်တို့အား ဆည်းကပ်ခြင်းအမှုတို့ကိုဆက်လက်ပြုတော်မူဘိသည်။ ဤကားအနန္တ သူရိယအမတ်ကြီးသေအံ့မူးမူးတွင်ရေးသားခဲ့သောအမျက်ဖြေလင်္ကာ၏ကျေးဇူး တစ်ရပ်ပင်ဖြစ်လေသည်။ထို့ ကြောင့်လည်းဓါး သွားထက်ကလောင်သွားသည်ထက်လေသည်ဟူ ၍ ဆိုခဲ့ကြသည်မဟုတ်ပါလော။
ကိုးကား-သန်းဝင်းလှိုင်(မိုးမခ)
သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်
သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ကြနန်းလည်းခံ
မတ်ပေါင်းရံလျက်၊ပျော်စံရိမ်ငြိ
စည်းစိမ်မကွာ၊မင်းချမ်းသာကား
သမုဒ္ဒရာ၊ရေမျက်နှာထက်
ခဏတက်သည့်၊ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ငါ့အားမသတ်
ယခုလွှတ်လည်း၊မလွတ်ကြမ္မာ
လူတကာတို့၊ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ဖောက်လွဲတတ်သည်
မချွတ်စသာ၊သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ကြိုက်လတ်တုံမူ
တုံ့မယူလို၊ကြည်ညိုစိတ်သန်
အခင်မွန်ကို၊ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ငါ့ခန္ဓာတည်း။
(အနန္တသူရိယ)
အနန္တသူရ သည် ပုဂံခေတ် ကထင်ရှားကျော်စောသော ပညာရှိသုခမိန်အမတ်ကြီးဖြစ်သည်။
မြန်မာနှစ် - ၅၃၃ (ခရစ်နှစ် - ၁၁၇၁ ) တွင် ပုဂံထီးနန်းကို သိမ်းပိုက်စိုးစံသော ဘုရင် မင်းယဉ်နရသိင်္ခ သည် ညီတော်အိမ်ရှေ့စံ နရပတိစည်သူ၏ မိဖုရား ဝေဠုဝတီကို အတင်းအဓမ္မ သိမ်းပိုက် ယူသောကြောင့် မြန်မာနှစ် -၅၃၆ တွင် ညီတော်နရပတိစည်သူက နောင်တော်ကို ပုန်ကန်သတ်ဖြတ်လုပ်ကြံပြီး နန်းတက်သည်။ ထို့ နောက် နောင်တော်၏ အထိန်းတော်သားလည်းဖြစ်၊ လူရင်းအဖြစ် ခစားသူလည်းဖြစ်သည့် အနန္တသူရိယ အ မတ်၏ အပေါ်တွင် အထင်လွဲ အမျက်ပွား အငြိုးထားပြီး "ဖမ်း၍သတ်စေ"ဟု သူသတ်တို့အား မိန့်မှာ လေ၏။
ရဲရင့်တည်ကြည်သော အနန္တသူရိယသည် အသတ်ခံရအံ့ဆဲဆဲတွင် လောက၏ ဖြစ်ပျက်ဓမ္မတာ သဘောကို ဆင်ခြင်၍ အေးဆေး တည်ငြိမ်စွာ "သူတည်းတစ်ယောက် ကောင်းမှုရောက်မူ" အစဖြာသော မျက်ဖြေ လင်္ကာ ကို သူသတ်ကုန်းတွင် ရုတ်ချည်း စပ်ဆို ပြီး မင်းကြီးအား ဆက်သပါဟု မှာကြားခဲ့လေသည် ။
မင်းချင်းတို့ ဆက်သသော သံဝေဂ အလင်္ကာ ကို နရပတိစည်သူမင်း ကြားလေသော်. သံဝေဂ ရ၍ ချက်ခြင်း လွှတ်ရန် အမိန့်ပေးသော်လည်း အနန္တသူရ အမတ်ကား လွန်ခဲ့လေပြီ။
မင်းသုံးဆက်ရဲ့ သက်တော်ရှည်အမတ်ကြီး
အနန္တသူရိယအမတ်သည် အလောင်းစည်သူမင်းကြီး(ခရစ်၁၀၉၀-
အထိန်းတော်သားဆိုသည်မှာမင်းယဉ်န
အလောင်းစည်သူမင်းကြီးသည် အထိန်းတော်သားအနန္တသူရိယကိုသနားေ
ဤနေရာ၌အနန္တသူရိယသည်အလောင်းစည်သူ
သက္ကရာဇ် ၅၃၂ခုနှစ်တွင် ငယ်စဉ်အခါမှစ၍ အနန္တသူရိယအမတ်ထိန်းသိမ်းစောင့်ေ
ထို့ကြောင့်လည်း ကုလားကျမင်း ဟူ၍ ပြည်သူတို့ပြောစမှတ်ပြုလျက်ရြှိ
ထိုလင်္ကာကိုနရပတိစည်သူမင်းကြီးဖတ
မဟာရာဇဝင်ကြီးတွင်ပါရှိသောဤစကား
ထို့ပြင်လောကတွင်ရန်ကိုခုခံဖို့
ဤလောက၌ကိုယ့်အလှည့်ကျလျှင်နွဲ့တ
အမှန်စင်စစ်နရသီဟပတေ့စည်သူမင်းသ
ထို့နောက်လည်း ကန်ချောင်း၊ ဆည်မြောင်းပြုပြင်ခြင်း၊ စေတီပုထိုးတည်ထားခြင်း၊ သိန်းဃို(သီရိလင်္ကာ)မှရောက်လာသည့
ကိုးကား-သန်းဝင်းလှိုင်(မိုးမခ)
No comments:
Post a Comment